Thursday, January 29, 2009

The last day of 22years

တစ်ရက်ပြီးတစ်ရက်...
တစ်လပြီးတစ်လ...
ရက်တွေနဲ့လတွေပေါင်းပြီးတော့ တစ်နှစ်ပြည့်သွားပြန်ပီ....
အော်...မနက်ဖြန်ဆို အသက်တစ်နှစ်ကြီးရတော့မှာပါလား...
အချိန်တွေက ကုန်တာမြန်လိုက်တာနော်...
ဖြစ်နိုင်မယ်ဆိုရင် ..အသက်မကြီးချင်သေးဘူး
အသက်ကြီးလာတာနဲ့အမျှ...စဉ်းစားဆင်ခြင်ရတာတွေပူပင်ရတာတွေ ဘာတွေမှန်းကိုမသိဘူး..
စိုင်းထီးဆိုင်ရဲ့သီချင်းလိုပဲ ..အပူပင်ကင်းတဲ့ကလေးလေးဘ၀ကိုတခါပြန်ပီးရချင်သေးတယ် ...း)
အသက်တနှစ်သာကြိးလာတယ် ဘာမှမလုပ်ရသေးသလိုပဲခံစားရတယ်..
ဒီလိုနဲ့ပဲ ၂၂ကိုကျော်ဖြတ်ရတော့မှာပေါ့...
Photobucket
၁၉၈၆ ခုနှစ်ရဲ့ဒီလိုချိန်ဆို နှင်းဆီဖြူကိုမွေးဖွားတော့မယ့် မေမေရဲ့ပုံရိပ်ကိုစိတ်ကူးနဲ့မြင်ယောင်နေမိပါတယ်
မေမေ စိုးရိမ်ပြီးတော့ ကြောက်နေမှာပဲနော်...
အခုလို သမီးကို ကျန်းကျန်းမာမာ ကိုယ်လက်အဂီါပြည့်ပြည့်စုံစုံနဲ့(ချောမောလှပတဲ့ .. :P)ညဏ်ရည်မှီတဲ့ မိန်းကလေးတစ်ယောက်ဖြစ်အောင် မွေးဖွားပေးတဲ့ မေမေ့ကို ကျေးဇူးတင်ပါတယ်...
Photobucket
ကဲ ..၂၂နှစ်ရဲ့နောက်ဆုံးနေ့လေးကိုနုတ်ဆက်ပါတယ်...
Welcome to 23years !
ံHAPPY BIRTHDAY WHITEROSE .........
Photobucket

No comments: