Saturday, December 22, 2007

Season Greeting ....


Christmas Glitter Graphics


အားလုံးပဲ Merry Christmas နော် .... :)

ပုံပြင်လေးတစ်ပုဒ်ပြောပြမယ် ...

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာဘုရင်ကြီးတစ်ပါးရှိသတဲ့ ...
အဲဒီဘုရင်ကြီးမှာအလွန်တရာမှ ပညာရှိတဲ့အမတ်ကြီးတစ်ပါးရှိတယ် ...
တစ်နေ့ကျတော့ ဘုရင်ကြီးကညီလာခံမှာသူရဲ့အမတ်တွေကို" ဘယ်အမှုကိစ္စကိုပြုလုပ်ပြီးရင်နေထိုင်လို့အကောင်းဆုံးလဲလို့"
မေးတယ် ....
တခြားအမတ်တွေကလည်း အသီးသီးဖြေကြတာပေါ့နော် ....
ပညာရှိအမတ်ကြီးအလှည့်ကျတော့အမတ်ကြီးကပြောတယ်
" အရှင်မင်းကြီးဘုရား ... မစင်စွန့်ခြင်းအမှုကိစ္စကိုလုပ်ပြီးတဲ့အချိန်ဟာနေလို့အကောင်းဆုံးပါပဲ "လို့
လျှောက်တင်လိုက်တာပေါ့ ...ဒီအခါမှာ ဘုရင်ကြီးကအလွန်ဒေါသထွက်သွားပြီးတော့
" အမတ်ကြီး ..သင်ဟာပညာရှိအမတ်ကြီးတစ်ပါးဖြစ်ပြီးတော့ ဘာလို့ဒီလိုယုတ်ညံ့ပြီးမဟုတ်မဟတ်စကားတွေပြောရတာလဲ .."
ဆိုပြီးတော့ အမတ်ကြီးကိုညီလာခံမှာ ကျိန်းမောင်းပြောဆိုတယ် ... ..
အဲဒီမှာ အမတ်ကြီးကအရှက်ရသွားပြီးတော့ ဒီမင်းတော့တစ်နေ့ငါ့အကြောင်းသိရမယ်ဆိုပြီးတော့ ကြုံးဝါးပြီးနေတာပေါ့ ..
တစ်နေ့ကျတော့ ဘုရင်ကြီးဟာမြစ်ကြောင်းအတိုင်းတိုင်းခန်းလှည့်လည် မယ်ဆိုပြီးတော့အမတ်ကြီးတွေကိုခေါ်သွားတယ် ..
ဒီအခါမှာ အမတ်ကြီးဟာ စားဖိုဆောင်က စားဖိုမှုးကြီးတွေကိုလက်ဆောင်တွေပေးပြီးတော့ ဘုရင်ကြီးပွဲတော်တည်မယ့် အစားအစာတွေထဲမှာ
ဝမ်းနူးစေတဲ့အစားတွေကိုထည့်ပြီး ပွဲတော်တည်ခိုင်းလိုက်တာပေါ့ .........
ဘုရင်ကြီးဟာပွဲတော်တည်ပြီးလို့ တစ်အောင့်လောက်လည်းကြာရော ဗိုက်ထဲကရစ်နာလာပြီးတော့ မစင်စွန့်ချင်လာရောတဲ့ ..
ဒါကိုအမတ်ကြီးကရိပ်မိပြီးတော့ လှေထိုးသားတွေကိုလှေကိုမရပ်မနားပဲနဲ့မြန်မြန်လှော်ခိုင်းလိုက်တယ် ...
ဘုရင်ကြီးကလည်း ရာဇအိနြေ္ဒပျက်ပြားမှာဆိုးလို့ ဟန်ဆောင်နေတာပေါ့ ..
ဒါပေမဲ့ ၀မ်းနူးစာတွေကြောင့်ဘုရင်ကြီးဟာ မခံမရပ်နိုင်လောက်အောင် ဗိုက်တွေနာလာတယ် ...
အမတ်ကြီးကိုတိတ်တဆိတ်အနားကိုခေါ်ပြီးတော့ မစင်စွန့်ချင်တဲ့အကြောင်းလည်းပြောရော
အမတ်ကြီးက" အရှင်မင်းကြီးဘုရား .. ရေလမ်းခရီးဆိုတော့လှေရပ်ဖို့ဆိုတာမလွယ်ကူပါဘူး ဘုရား "ဆိုပြီးတော့လျှောက်တင်လိုက်တယ်
ဒီအခါမှာ ဘုရင်ကြီးက " ငါကိုယ်တော်မြတ်တော့ မရတော့ဘူး " ဆိုပြီးလှေကိုရပ်ခိုင်းတယ် ..
ပြီးတော့ တောတွင်းတစ်နေရာမှာ မစင်စွန့်တော့တာပေါ့ ....
အမတ်ကြီးလည်းမလှမ်းမကမ်းကနေစောင့်နေတယ် ဘုရင်ကြီးမစင်စွန့်ပြီးလို့လှေပေါ်ပြန်ရောက်တော့
" အရှင်မင်းကြီးနေထိုင်လို့ကောင်းရဲ့လားလို့ " အမတ်ကြီးကမေးတော့ ဘုရင်ကြီးက
" အိမ်း ....အလွန်တရာမှပေါ့ပါးပြီးတော့နေလို့ကောင်းပါပေတယ် " လို့ပြောသတဲ့
ဒီအခါမှာ အမတ်ကြီးက " ကျွန်တော်မျိုးညီလာခံမှာပြောတာ မှန်ပါသလား " လို့လည်းမေးရော
ဘုရင်ကြီးက ပြုံးရယ်ပြီးတော့" အမတ်ကြီးတကယ်ပညာရှိပါပေတယ် " လို့ ချီးမွမ်းပြီးအသပြာတစ်ထောင်ထုပ်ဆုချလိုက်သတဲ့ ....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒါကတော့ နှင်းဆီဖြူကြားဖူးနားဝရှိတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ ......း)
နှင်းဆီင်္ဖြူခရီးသွားတုန်းက လမ်းမှာခဏနားဖို့ကားရပ်တော့
အဲဒီနားက ထမင်းဆိုင်မှာ အိမ်သာသွားဖို့ပြထားတဲ့ ပုံလေးကိုသဘောကျလို့ဓါတ်ပုံရိုက်ပြီးယူခဲ့တယ်...
(ဒီပိုစ့်လေးနဲ့အတူတင်လိုက်မယ်နော် .....)
Photobucket
စကားစပ်မိရင်းနဲ့ အဒေါ်တွေကိုဒီပုံပြင်လေးအကြောင်းတောင်ပြောပြလိုက်သေးတယ် ....း)
အဒေါ်တွေက တစ်ခွိခွိရယ်ပြီးတော့ အဲဒါတော့ဟုတ်တယ်ဆိုပြီးတော့ ထောက်ခံနေကြတယ် ...း)
နှင်းဆီဖြူလည်းဒီပုံပြင်လေးအကြောင်း ပိုစ့်တင်ဦးမယ်လို့စဉ်းစားမိတာနဲ့ ရေးဖြစ်လိုက်တာ ......

Thursday, December 20, 2007

ဗိုက်ဆာတယ်..ဗိုက်ဆာတယ် .. :P

Photobucket

နှင်းဆီဖြူတို့ချောင်းသာကပြန်လာတော့ လမ်းတစ်ဝက်မှာရိုက်ထားတာလေ ...
ဗိုက်ဆာလို့ထမင်းချိုင့်တွေဖွင့်စားနေကြတာ...း)
နှင်းဆီဖြူတော့မပါဘူး ...း)

ချောင်းသာမှ အမှတ်တရ ...

Photobucket

အမှတ်တမဲ့မှ .. အမှတ်တရသို့ ..

Photobucket

Monday, December 17, 2007

လျှပ်တစ်ပျက်ရိုက်ချက် .....

Photo Sharing and Video Hosting at Photobucket


သစ်တစ်ပင်ကောင်းရင်ငှက်တစ်သောင်းနားတယ် တဲ့ .....
ရှုခင်းတွေကြည့်ရင်းနဲ့ ဒီသစ်ပင်ကြီးကိုသဘောကျလို့ ဓါတ်ပုံရိုက်ခဲ့တယ်
ကားပေါ်ကနေ လှမ်းရိုက်တာဆိုတော့ နဲနဲဝေးနေတယ် ....း)

တောင်ပေါ်ရှုခင်းလေးတွေလေ .....

Photo Sharing and Video Hosting at Photobucket

Saturday, December 8, 2007

ချောင်းသာမှ

...... နားထဲမှာ ကိုယ်နဲ့အကျွမ်းတ၀င်မရှိတဲ့အသံတစ်သံကိုကြားရတယ် ... (အိပ်နေရင်းနဲ့ပေါ့ )
...... နောက်သေချာနားထောင်ကြည့်တော့မှ ... လှိုင်းသံတွေပဲလို့ ..
မနေ့ကခရီးပမ်းပြီးတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလိုက်တာ လှိုင်းသံတွေကြားမှပဲနှိုးတော့တယ် ...
မျက်စိနှစ်လုံးပွင့်တာနဲ့ကမန်းကတန်းထပြီးတော့မျက်နှာသစ်ရတယ် ဘွားဘွားကသူနဲ့လမ်းလျှောက်ထွက်ရအောင်ခေါ်တာနဲ့
အစောကြီးပဲလမ်းလျှောက်ထွက်ကြတယ် ...
လတ်ဆတ်ပြီးရှင်းသန့်နေတဲ့လေကိုရှုရှိုက်ရတာ တကယ်ကိုကောင်းပါတယ် ....း)
ခဏလောက်ဘွားဘွားနဲ့လမ်းလျှောက်ပြီးတော့မှ ဘန်ဂလိုကိုပြန်ကြပါတယ် ...
ပြန်ရောက်တော့အားလုံးကဈေးသွားကြမယ်ဆိုတာနဲ့ဈေးကိုလမ်းလျှောက်သွားကြတယ်
နှင်းဆီဖြူတို့တည်းတဲ့ဘန်ဂလိုနဲ့ဈေးနဲ့ကတော်တော်ဝေးတယ် လူကြီးတွေကတော့လမ်းလျှောက်သွားကြတယ်
နှင်းဆီဖြူတို့မောင်နှမတွေကတော့ ဆိုင်ကယ်ငှားစီးသွားကြတယ် ..ဟိဟိ (လမ်းမလျှောက်နိုင်တော့လို့)
ဆိုင်ကယ်ကတစ်နာရီကို ၃၀၀၀ ပေးရတယ် ဆိုင်ကယ်တစ်စီးကိုသုံးယောက်စီးပြီးတော့သွားကြတယ်ပျော်စရာကောင်းတယ် ...း)
ဈေးရောက်တော့ မနက်စာစားကြတယ် .. စားပြီးတော့ဈေးပတ်ကြတယ် နှင်းဆီဖြူကတော့ဘာမှသိပ်မ၀ယ်ဖြစ်ပါဘူး ...
သူငယ်ချင်းတွေအတွက်ပဲ လက်ဆောင်လေးတွေဝယ်ဖြစ်တယ်လေ ခရုလက်ကောက်လေးတွေအရမ်းလှတယ် ..အရောင်စုံပဲ
ခရုခန်းစီးလေးလဲဝယ်ခဲ့တယ် ..မေမေ့အတွက်ပေါ့ ...း)

လူကြီးတွေကတော့ဈေးပဲဝယ်နေကြတယ် နှင်းဆီဖြူတို့မောင်နှမတွေကတော့ရေထဲဆင်းဖို့ပဲတာဆူနေတယ် ..း) ....ရေထဲဆင်းချင်လှပြီ ..... :P
နှင်းဆီဖြူတို့မောင်နှမတွေလူကြီးတွေကိုမစောင့်တော့ပဲ ဘန်ဂလိုကိုပြန်လာကြတယ် ..
ဦးလေးတွေကပါလိုက်လာကြတယ် ကလေးတွေကြီးပဲဆိုတော့စိတ်မချလို့ဆိုပြီးတော့
နှင်းဆီဖြူကတော့ရေထဲဆင်းရင် မဖြူတဲ့အသားလေးတွေမဲကုန်မှာစိုးလို့ skin lotion တွေအသကုန်လိမ်းရတယ် ..:P ….ဟီးဟီး …း)

အဲဒီမှာ ဘောကွင်းတွေလဲငှားတယ် တစ်ကွင်းကို ၅၀၀ ပေးရတယ် တစ်နေကုန်သုံး လို့ရတယ်.. နှင်းဆီဖြူကရေနစ်ဖူးတော့အရမ်းကြောက်တယ် ..အဝေးကြီးကိုမသွားရဲဘူး
ရေထဲကိုမနက် ၈း၄၅ လောက်ထဲကဆင်းလိုက်တာ အကုန်လုံးထမင်းမေ့ဟင်းမေ့ပဲ …း)
နေ့လည် ၁း၃၀ လောက်ကျမှပြန်တက်ကျတယ် … ပုဇွန်ကင်တွေနဲ့ငါးကင်တွေလဲရောင်းတယ် ပုဇွန်ကအကောင်အကြီးကြီးတစ်ကောင်ကိုကင်ပြီးတောဒုတ်မှာထိုးထားတယ် တစ်ကင်ကို ၁၀၀ ပေးရတယ် အချဉ်ရေတွေနဲ့တို့စားတာ စားလို့အရမ်းကောင်းတယ်
ထမင်းတွေစားသောက်ပြီးတော့အားလုံးပြန်ဖို့ပြင်ဆင်ကြတယ် နေ့လည် ၃း၀၀ လောက်စထွက်ကြတယ် …ပြန်ကြတော့အားလုံးသနပ်ခါးအဖွေးသားလေးတွေနဲ့ …း)
အသားတွေလဲတော်တော်မဲသွားကြတယ် ..း)
အပြန်လမ်းကတော့အားလုံးတိတ်ဆိတ်နေကြတယ် ပင်းပန်းပြီးတော့အကုန်လုံးငိုက်လာကြတယ် နှင်းဆီဖြူတစ်ယောက်ပဲမုန့်တွေစားလိုက် ရှုခင်းတွေကောင်းရင်ဓါတ်ပုံရိုက်လိုက်နဲ့ …း)

ဥတိုတံတားနားရောက်တော့ခဏရပ်ပြီး ဓါတ်ပုံရိုက်ကြသေးတယ် …း)

ပုသိမ်ကိုပြန်ရောက်တော့ ညနေ ၅း၃၀ လောက်တော့ရှိပြီ …
ပြန်ရောက်တော့အကုန်လုံး မောပြီးခဏအိပ်ကြတယ် … *_*
အိပ်ယာကနိုးတော့ ရွှေမုဋ္ဌောဘုရားသွားဖူးကြတယ် … အဲဒီနေ့က
တန်ဆောင်မုန်းလပြည့်နေ့ဆိုတော့ ဘုရားပေါ်မှာလူအရမ်းပဲစည်တယ်လေ …
ဘုရားဖူးပြီးတော့ကမ်းနားဘက်လမ်းလျှောက်ကြသေးတယ် ….
… မနက်ဖြန်ဆိုရင်ရန်ကုန်ကိုတောင်ပြန်ရတော့မယ် …. *_*

Monday, December 3, 2007

အမှတ်တရလေးတွေ

နိုဝင်ဘာလကုန်လောက်တုန်းက ချောင်းသာသွားဖြစ်တယ်..
အရမ်းပျော်ဖို့ကောင်းတာပဲ ... ခရီးတွေသိပ်မသွားဖြစ်တဲ့နှင်းဆီဖြူအတွက်တော့
အရမ်းပဲပျော်ခဲ့တာ ... နှင်းဆီဖြူတို့ဦးလေးကပုသိမ်မှာတာဝန်ကျလို့ပြောင်းရတာကို
လိုက်ပို့ရင်းနဲ့ ဦးလေးကချောင်းသာကိုလိုက်ပို့ပေးတယ်....
နိုဝင်ဘာ (၂၂)ရက်က စထွက်ကြတယ် ..( မြင့် Express ) နဲ့ နှင်းဆီဖြူတို့ အဘွားတွေ ဦးလေးတွေ အဒေါ်တွေ အများကြီးပဲ
အားလုံး (၁၅ ) ယောက်လောက်ရှိတယ် ။
ကားက ၈း၀၀ ဆိုတော့ မနက်ကို ၅း၀၀လောက်ထပြီးပြင်ဆင်ရတယ်လေ ..စားဖို့သောက်ဖို့အတွက်ကောပေါ့ ...
အိမ်က ရး၀၀ လောက်ကျတော့ စထွက်ဖြစ်တယ် ...
ခရီးတစ်လျှောက်လုံး ကိုယ်မရောက်ဖူးတဲ့အရပ်ဒေသတွေဆိုတော့ ပတ်ဝန်းကျင်ရှုခင်းတွေကမရိုးနိုင်အောင်ပါပဲ ...း)

ပုသိမ်နဲ့ရန်ကုန်က မိုင် (၁၂၀) ဝေးတယ်လို့တော့ဦးလေးကပြောတယ် .. ဧရာဝတီတိုင်းထဲကိုသွားရတယ် ..
အရင်ဆုံးစထွက်လာတော့ ပန်းတနော် ကိုရောက်တယ် ..
ဇလွန်ပြည်တော်ပြန်ဘုရားကြီးကိုသွားဖူးတဲ့လမ်းကွဲရောက်တော့ နေ့လည်စာစားဖို့ကားကခဏရပ်ပေးတယ် ..
အဲဒီမှာ ငှက်ပျောခြောက်ကြော်တွေရောင်းတယ် ...အရမ်းပဲစားကောင်းတယ်..

ပုသိမ်ကိုရောက်တော့နေ့လည် (၂း၀၀)ထိုးနေပြီ ..
ဝူး ... ဗိုက်တွေကလည်းဆာ၊အိပ်ကလည်းအိပ်ချင် ...
တည်းရမယ့်နေရာရောက်တော့ တစ်ဖွဲလုံး ထမင်းစားသောက်ပြီးတော့ အနားယူကြတယ် ..
ပုသိမ်မှာတစ်ညအိပ်ပြီးတော့မှချောင်းသာကိုသွားကြတယ် ..........း)

ချောင်းသာကိုနေ့ခင်း (၃း၀၀)လောက်မှပဲစထွက်ဖြစ်ကြတယ် ..
ပြင်ဆင်နေကြတာနဲ့ပဲလေ ... ( ပဲတွေများနေကြတာပေါ့) ဟိဟိ .. :P
ပုသိမ်ကနေ ချောင်းသာကိုသွားမယ်ဆိုရင် မိုင် (၆၀)လောက်တော့မောင်းရတယ်တဲ့ ..နှင်းဆီဖြူတို့ကိုလိုက်ပို့တဲ့ဦးလေးကြီးကပြောပြတယ်
ပထမပိုင်းတော့လမ်းကဖုန်တွေကြီးပဲ (၁)မိုင်လောက်ပေါ့နော် ..နောက်ပိုင်းကျမှတောင်တက်လမ်းလေးတွေကိုတက်ရတယ် ..
ရှုခင်းတွေအရမ်းလှတယ် ...သစ်ပင်ကြီးတွေကလည်းသက်တမ်းတော်တော်ကြာပြီထင်တယ် ...လုံးပတ်တော်တော်ကြီးတယ်..
နှင်းဆီဖြူတောင်မှဓါတ်ပုံရိုက်ခဲ့သေးတယ် ..နောက်မှပဲဓါတ်ပုံတွေတင်လိုက်တော့မယ် ..
ချောင်းသာရောက်ခါနီးတော့ ဥတိုတံတားကိုဖြတ်ရတယ် ..ရေလေးတွေကကြည်စိမ်းပြီးတော့ရေဆင်းဆော့ချင်စရာပဲ ..
ဒါပေမဲ့အဲဒီနားကလူတွေပြောတော့ မိကျောင်းရှိတယ်ဆိုတာနဲ့မောင်နှမတွေကြောက်ပြီးတော့ပြန်ပြေးတက်လာကြတာ ....း)
ဥတိုတံတားကိုဖြတ်ပြီးတော့မှနည်းနည်းလေးဆက်မောင်းတော့မှချောင်းသာကိုရောက်တော့တယ်...
နှင်းဆီဖြူတို့ရောက်တော့ ညနေ (၆း၃၀)လောက်တော့ရှိနေပြီ ၊လူကြီးတွေကတော့ဘန်ဂလိုငှားဖို့အလုပ်တွေရှုပ်နေကြတယ်
ဘန်ဂလိုကကမ်းခြေအစပ်နားလေးကိုရတယ် လှိုင်းသံတွေကတ၀ုန်းဝုန်းနဲ့ပေါ့ ....

အော် ..ဒီတစ်ခါတော့ချောင်းသာကိုတကယ်ရောက်ခဲ့ပြီပေါ့ ..............း)