Tuesday, September 18, 2007

ကူရင်ကင်ဒီလေးကပေးတဲ့ အတွေး

Blog ရေးမယ် ရေးမယ်ဆိုပြီးတော့အလုပ်မအားတာနဲ့ပဲမရေးဖြစ်ပြန်ဘူး ....
ဒီတစ်ခါတော့တစ်ကယ်ရေးတော့မယ်လို့ .....
အရင်တစ်ခါရေးထားတဲ့ Blog ကလည်း Template တွေမလုပ်တတ်လုပ်တတ်နဲ့လျှောက်လုပ်လိုက်တာ
BLog တစ်ခုလုံးပျက်စီးသွားပါလေ ရော ....... :P (အဲဒီလောက်တော်တာ ...ဟိဟိ ..)
ဒီတစ်ခါတော့ တစ်ကယ်ရေးတော့မယ်လို့ .. ဆုံးဖြတ်ထားတယ် ..... :)


*** အတွေး ***

တောမီးလောင်နေတုန်းကပေါ့ ......
တောထဲမှာနေတဲ့ အင်းဆက်ပိုးမွှားတွေ၊ငှက်တွေနဲ့တိရစ္ဆာန်တွေအားလုံး မီးဘေးကနေလွတ်မြောက်ဖို့ဝရုန်းသုန်းကားထွက်ပြေးကြတယ် ...
ကူရီကင်ဒီလို့ခေါ်တဲ့ရွှေအိုရောင်ငှက်ကလေးကတော့ မပြေးဘဲနောက်ချန်နေရစ်ခဲ့တယ်။ ဒီငှက်လေးဟာ သူသယ်လာတဲ့နှုတ်သီးထဲက
ရေတစ်စက်ကို မီးလောင်နေတဲ့တောပေါ်လောင်းချလိုက် ပြန်သွားသယ်လိုက်နဲ့ ရေနဲ့မီးကြားလွန်းပျံသွားလာပြီး မီးငြိမ်းဖို့ကြိုးစားနေခဲ့ပါတယ်
ဒီလိုကူရီကင်ဒီငှက်လေးက လုပ်နေတာကိုမြင်တော့တိရစ္ဆာန်တွေက ဟားတိုက်ရီမောကြတာပေါ့ ..( အကျိုးမရှိတဲ့ အချည်းနှီးအလုပ်လို့ ထင်နေကြတယ်လေ ) ...မင်းဘာလို့ဒီလိုလုပ်နေတာလဲ ...လို့မေးကြတယ်။ အဲဒီအခါမှာ ကူရင်ကင်ဒီငှက်လေးက ဘာပြန်ပြောလဲဆိုတော့
ကိုယ်လုပ်နိုင်တဲ့ အလုပ်ကိုလုပ်နေတာပါ တဲ့ ......

( ဒီအတွေးဆိုတာလေးကို နှင်းဆီဖြူ စာစောင်လေးတစ်ခုမှာဖတ်ရတာပါ ... ဖတ်ပြီးတော့တစ်ခုခုလင်းလက်သွားတာနဲ့ ဒီ Post လေးကိုမတော်တဆ
ဖတ်မိတဲ့သူတွေလည်းလင်းလက်ပါစေ ဆိုပြီးတော့ အတွေးဆိုတာလေးကိုတင်ဖြစ်သွားတာပါ )