Monday, April 21, 2008

ကျွန်မနှင့် သင်္ကြန်

အော်..ဘာလိုလိုနဲ့သင်္ကြန်တောင်ပြီးသွားပြီ..
ဒီနှစ်သင်္ကြန်ကတော့ တရားစခန်းပဲဝင်ဖြစ်တယ်..ဘယ်မှမလည်ဖြစ်ပါဘူး ..း(
ဖေဖေ ကသူနဲ့အတူတ၇ားစခန်းဝင်ရအောင်လို့ခေါ်တာနဲ့ နှင်းဆီဖြူတို့မိသားစုတစ်စုလုံးတရားစခန်းဝင်ဖြစ်သွားတာပါ ...
မိသားစုတစ်စုလုံးလို့ဆိုပေမယ့် အမှန်တော့ ဖေဖေရယ်မေမေရယ်နှင်းဆီဖြူရယ်သုံးယောက်ထဲပါ..
ကိုကိုကတော့ဒီမှာမရှိပါဘူး ...
နှင်းဆီဖြူတို့တရားဝင်တဲ့နေရာက မှော်ဘီ၊ ၀က်နှစ်ချောင်းကျေးရွာ မှာရှိတဲ့ " ဗောဓိရိပ်ငြိမ်တောရ " မှာပါ ..
သင်္ကြန်အကြိုနေ့မတိုင်ခင် ညနေမှာ တ၇ားစခန်းစဖွင့်ပါတယ်
နှင်းဆီဖြူတို့ကတစ်ရက်ကြိုပြီး ရောက်နှင့်နေတော့ ကိုယ်နေမယ့်အဆောင်ကို သန့်ရှင်းရေးတွေဘာတွေလုပ်ကြပါတယ်

ဗောဓိရိပ်ငြိမ်တောရကျောင်းတိုက်ရဲ့ ကျောင်းထိုင်ဆ၇ာတော်ကြီးကတော့ " အရှင်ဣန္ဒာစရိယ " ဖြစ်ပါတယ် ..
မနက်ဆိုရင် အိပ်ယာက ၃း၀၀ ထရပါတယ် ။ ၄း၀၀ မှာစပြီးတ၇ားထိုင်ရမှာဆိုတော့ မျက်နှာသစ် ၊သွားတိုက် ၊ အ၀တ်အစားလဲ ပြီးတော့ တ၇ားထိုင်ရမယ့်ဓမ္မာရုံကိုသွားရပါတယ် ..
နှင်းဆီဖြူတို့နေတဲ့အဆောင်နဲ့ဓမ္မာရုံ နဲ့က နဲနဲဝေးတာကြောင့် နာရီဝက်လောက်ကြိုပြီးထွက်ရပါတယ် ...ဓမ္မာရုံကိုရောက်တာနဲ့ဘုရားကန်တော့ပြီးတရားစထိုင်ရပါတယ် ..
မနက် ၄း၀၀ ကနေ ၅း၀၀ အထိထိုင်ရပါတယ် ..ဘုန်းဘုန်းတစ်ပါးက ၅း၀၀ အတိမှာ ကြေးစည်တီးပေးပါတယ် ။ ကြေးစည်တီးပြီးမှ တရားဖြုတ်ရပါတယ်။
တရားဖြုတ်ပြီးတော့ အဆောင်ကိုခဏပြန်ကြတယ် ။ ၅း၃၀ လောက်မှာ အာရုံဆွမ်းစားရပါတယ်။ဆွမ်းမစားမီမှာ ဆွမ်းအလှူရှင်တွေကို ဆုတောင်းမေတ္တာပို့ပေးပြီးမှစားရပါတယ်
ဆွမ်းစားတာကအစ အမှတ်နဲ့စားရပါတယ်။ဆွမ်းစားပြီးတော့ စင်္ကြန်လျှောက်ရတယ်။ ၆း၃၀ မှာတ၇ားပြန်ထိုင်ရတယ် ။ ၆း၃၀ ကနေ ၇း၃၀ အထိပေါ့။
၇း၃၀ ပြီးတော့ ၁း၀၀ နားရတယ် ၈း၃၀ ကနေ ၉း၃၀ အထိ တစ်ခါပြန်ထိုင်ရတယ်။ ၉း၃၀ တရားထိုင်ပြီးတော့ အဆောင်ပြန် ရေမိုးချိုးပြီးတော့ ၁၀း၃၀ မှာ နေ့ဆွမ်းစားရပါတယ်။
နေ့ဆွမ်းစားပြီးတော့ ယောဂီတွေအားလုံးအနားယူကြပါတယ် ။ နေ့လည် ၁၂း၀၀ နာရီမှာ တ၇ားပြန်ထိုင်ရပါတယ်။ ၁း၀၀ မှာတရားဖြုတ် ပြီး ၂း၀၀ မှာ အလုပ်ပေးတရားနာရပါတယ်။
၂း၀၀ ကနေ ၃း၀၀ ၊ ပြီးတော့ ၁း၀၀ နာရီနား ၊၄း၀၀ ကနေ ၅း၀၀ အထိတစ်ခါပြန်ထိုင်၊ ၅း၀၀ ပြီးတော့ ၁း၃၀ လောက်နားပြီးတော့မှ ၆း၃၀ လောက်မှာမှပြန်ထိုင်ရပါတယ် .၆း၃၀ ကနေ ၇း၃၀ အထိထိုင်ပါတယ် ၊ပြီးတော့ ၁း၀၀ နားပြီးတော့ ၈း၃၀ ကနေ ၉း၃၀ အထိတရားနာရပါတယ် ...ပြီးတော့မှ ကိုယ့်အဆောင်ကိုပြန်ပြီးတော့ အိပ်ကြပါတယ် .. ^_^

နှင်းဆီဖြူအတွက်တော့ တရားစခန်းဝင်တာ အခုပထမဆုံးပါ။ ငယ်ငယ်တုန်းကတော့ မယ်သီလရှင်ဝတ်ဖူးပါတယ်။
၅ တန်းလောက်ကပေါ့ အဲဒီတုန်းက ငယ်သေးတော့ တ၇ားထိုင်ဆိုတော့လည်းထိုင်တာပေါ့နော်း) စိတ်တွေကတောင်ရောက်မြောက်ရောက်နဲ့း)
အခုမှ တ၇ားစခန်းကိုပထမဦးဆုံးဝင်တာဆိုပေမယ့် တရားထိုင်တာကတော့ အထူးအဆန်းတော့မဟုတ်တော့ပါဘူး။
ဘွားဘွားတို့နဲ့ ဘုန်းကြီးကျောင်းမှာဥပုသ်စောင့်လိုက်သွားရင်လည်း တရားထိုင်ရတယ်။
အခု ဒီတရားစခန်းကတော့ ရက်ရှည်ထိုင်ရတာဆိုတော့ တော်တော်တော့မလွယ်ဘူးး)
မနက်ဆိုလည်း အစောကြီးထရတာဆိုတော့ တရားထိုင်နေပြီဆိုရင် အရမ်းပဲအိပ်ငိုက်တယ် ညစာကလည်းမစားရတော့ ညညဆိုဗိုက်တွေကလည်းဆာတာအရမ်းပဲ ဟီး ..... :P
ဗိုက်ဆာဆာနဲ့ လှူသမျှ အအေးတွေအသကုန်သောက်တော့ ချောင်းတွေတောင်ဆိုးလာတယ် :D
နှင်းဆီဖြူမနည်းကိုစိတ်တင်းပြီးတော့ ထိုင်ရတယ် ... စိတ်တွေကပျံ့လွင့်ပြီး စိတ်တည်ငြိမ်အောင်တော်တော်ကြိုးစားယူရပါတယ်
ခြေထောက်တွေကအရမ်းပဲကျင်လာတယ် တရားထိုင်နေရင်ဆရာတော်က လိုက်ပြီးတော့ကြည့်တတ်တော့ မလှုပ်ရဲပါဘူး :D
ခြေထောက်ပြောင်းချင်ပြီဆိုရင် အရင်ဆုံးဆရာတော်ကိုမျက်စိတစ်ဖက်ဖွင့်ပြီးတော့ ခိုးကြည့်ရပါတယ် ဟ` ဟ`
ဆရာတော် လစ်ပြီဆိုတာနဲ့ခြေထောက်ကိုမြန်မြန်လေးပြောင်းလိုက်ပါတယ် ဟိ ...:P
ပြီးတော့မှ ခပ်တည်တည်နဲ့ဆက်ထိုင်ပါတယ် ..း)
ပထမ တစ်ရက်နှစ်ရက်ကတော့ မခံနိုင်အောင် ခြေထောက်တွေကနာလာပါတယ် ဒါပေမဲ့နောက်ရက်တွေကျတော့ တရားထိုင်တာနဲနဲငြိမ်သက်လာပါပြီ
စိတ်တွေလည်းတည်ငြိမ်လာပြီးတော့ သိပ်မပျံ့လွင့်တော့ဘူး .. တရားထိုင်ရတာ တကယ်ကောင်းလာပါတယ် ..း)
စိတ်တွေငြိမ်းချမ်းပြီးတော့ အေးဆေးလာပါတယ် ...

အဲဒီလိုနဲ့ပဲ တရားစခန်းရဲ့နောက်ဆုံးရက်ကိုေ၇ာက်လာပါတယ် ...
နောက်ဆုံးရက်ဆိုတော့ ယောဂီတွေအားလုံးတက်ကြွနေကြပါတယ် အိပ်ပြန်ရတော့မယ်ဆိုတော့ ..ပျော်နေကြတာပေါ့နော်
နှင်းဆီဖြူလည်းပျော်နေတယ် ..း)
တရားပိတ်ပွဲဆိုတော့ ဘုန်းဘုန်းက ၀ိပဿနာနဲ့ပက်သက်တဲ့တ၇ားတွေဟောပါတယ်
တရားဟောပြီးတော့ မိမိတို့ပြုလုပ်ခဲ့တဲ့ ဒါန၊သီလ၊ဘာဝနာ တွေကို ၃၁ ဘုံမှာကျင်လည်နေတဲ့ဝေနေယျတွေကို အမျှပေးဝေးပါတယ်။
နှင်းဆီဖြူလည်း နှင်းဆီဖြူရဲ့ဘလော့ကနေပြီးတော့ အမျှပေးဝေလိုက်တယ်နော် .. အားလုံးပဲအမျှရကြပြီးတော့ ကျန်ူးမာကြပါစေ ..ချမ်းသာကြပါစေ ..

****************************************************************************************************