Friday, May 23, 2008

နာဂစ်မုန်တိုင်း

မေလ (၃) ရက်နေ့မှာ တိုက်ခိုက်သွားတဲ့ နာဂစ်မုန်တိုင်းပါ...
Photobucket

Monday, April 21, 2008

ကျွန်မနှင့် သင်္ကြန်

အော်..ဘာလိုလိုနဲ့သင်္ကြန်တောင်ပြီးသွားပြီ..
ဒီနှစ်သင်္ကြန်ကတော့ တရားစခန်းပဲဝင်ဖြစ်တယ်..ဘယ်မှမလည်ဖြစ်ပါဘူး ..း(
ဖေဖေ ကသူနဲ့အတူတ၇ားစခန်းဝင်ရအောင်လို့ခေါ်တာနဲ့ နှင်းဆီဖြူတို့မိသားစုတစ်စုလုံးတရားစခန်းဝင်ဖြစ်သွားတာပါ ...
မိသားစုတစ်စုလုံးလို့ဆိုပေမယ့် အမှန်တော့ ဖေဖေရယ်မေမေရယ်နှင်းဆီဖြူရယ်သုံးယောက်ထဲပါ..
ကိုကိုကတော့ဒီမှာမရှိပါဘူး ...
နှင်းဆီဖြူတို့တရားဝင်တဲ့နေရာက မှော်ဘီ၊ ၀က်နှစ်ချောင်းကျေးရွာ မှာရှိတဲ့ " ဗောဓိရိပ်ငြိမ်တောရ " မှာပါ ..
သင်္ကြန်အကြိုနေ့မတိုင်ခင် ညနေမှာ တ၇ားစခန်းစဖွင့်ပါတယ်
နှင်းဆီဖြူတို့ကတစ်ရက်ကြိုပြီး ရောက်နှင့်နေတော့ ကိုယ်နေမယ့်အဆောင်ကို သန့်ရှင်းရေးတွေဘာတွေလုပ်ကြပါတယ်

ဗောဓိရိပ်ငြိမ်တောရကျောင်းတိုက်ရဲ့ ကျောင်းထိုင်ဆ၇ာတော်ကြီးကတော့ " အရှင်ဣန္ဒာစရိယ " ဖြစ်ပါတယ် ..
မနက်ဆိုရင် အိပ်ယာက ၃း၀၀ ထရပါတယ် ။ ၄း၀၀ မှာစပြီးတ၇ားထိုင်ရမှာဆိုတော့ မျက်နှာသစ် ၊သွားတိုက် ၊ အ၀တ်အစားလဲ ပြီးတော့ တ၇ားထိုင်ရမယ့်ဓမ္မာရုံကိုသွားရပါတယ် ..
နှင်းဆီဖြူတို့နေတဲ့အဆောင်နဲ့ဓမ္မာရုံ နဲ့က နဲနဲဝေးတာကြောင့် နာရီဝက်လောက်ကြိုပြီးထွက်ရပါတယ် ...ဓမ္မာရုံကိုရောက်တာနဲ့ဘုရားကန်တော့ပြီးတရားစထိုင်ရပါတယ် ..
မနက် ၄း၀၀ ကနေ ၅း၀၀ အထိထိုင်ရပါတယ် ..ဘုန်းဘုန်းတစ်ပါးက ၅း၀၀ အတိမှာ ကြေးစည်တီးပေးပါတယ် ။ ကြေးစည်တီးပြီးမှ တရားဖြုတ်ရပါတယ်။
တရားဖြုတ်ပြီးတော့ အဆောင်ကိုခဏပြန်ကြတယ် ။ ၅း၃၀ လောက်မှာ အာရုံဆွမ်းစားရပါတယ်။ဆွမ်းမစားမီမှာ ဆွမ်းအလှူရှင်တွေကို ဆုတောင်းမေတ္တာပို့ပေးပြီးမှစားရပါတယ်
ဆွမ်းစားတာကအစ အမှတ်နဲ့စားရပါတယ်။ဆွမ်းစားပြီးတော့ စင်္ကြန်လျှောက်ရတယ်။ ၆း၃၀ မှာတ၇ားပြန်ထိုင်ရတယ် ။ ၆း၃၀ ကနေ ၇း၃၀ အထိပေါ့။
၇း၃၀ ပြီးတော့ ၁း၀၀ နားရတယ် ၈း၃၀ ကနေ ၉း၃၀ အထိ တစ်ခါပြန်ထိုင်ရတယ်။ ၉း၃၀ တရားထိုင်ပြီးတော့ အဆောင်ပြန် ရေမိုးချိုးပြီးတော့ ၁၀း၃၀ မှာ နေ့ဆွမ်းစားရပါတယ်။
နေ့ဆွမ်းစားပြီးတော့ ယောဂီတွေအားလုံးအနားယူကြပါတယ် ။ နေ့လည် ၁၂း၀၀ နာရီမှာ တ၇ားပြန်ထိုင်ရပါတယ်။ ၁း၀၀ မှာတရားဖြုတ် ပြီး ၂း၀၀ မှာ အလုပ်ပေးတရားနာရပါတယ်။
၂း၀၀ ကနေ ၃း၀၀ ၊ ပြီးတော့ ၁း၀၀ နာရီနား ၊၄း၀၀ ကနေ ၅း၀၀ အထိတစ်ခါပြန်ထိုင်၊ ၅း၀၀ ပြီးတော့ ၁း၃၀ လောက်နားပြီးတော့မှ ၆း၃၀ လောက်မှာမှပြန်ထိုင်ရပါတယ် .၆း၃၀ ကနေ ၇း၃၀ အထိထိုင်ပါတယ် ၊ပြီးတော့ ၁း၀၀ နားပြီးတော့ ၈း၃၀ ကနေ ၉း၃၀ အထိတရားနာရပါတယ် ...ပြီးတော့မှ ကိုယ့်အဆောင်ကိုပြန်ပြီးတော့ အိပ်ကြပါတယ် .. ^_^

နှင်းဆီဖြူအတွက်တော့ တရားစခန်းဝင်တာ အခုပထမဆုံးပါ။ ငယ်ငယ်တုန်းကတော့ မယ်သီလရှင်ဝတ်ဖူးပါတယ်။
၅ တန်းလောက်ကပေါ့ အဲဒီတုန်းက ငယ်သေးတော့ တ၇ားထိုင်ဆိုတော့လည်းထိုင်တာပေါ့နော်း) စိတ်တွေကတောင်ရောက်မြောက်ရောက်နဲ့း)
အခုမှ တ၇ားစခန်းကိုပထမဦးဆုံးဝင်တာဆိုပေမယ့် တရားထိုင်တာကတော့ အထူးအဆန်းတော့မဟုတ်တော့ပါဘူး။
ဘွားဘွားတို့နဲ့ ဘုန်းကြီးကျောင်းမှာဥပုသ်စောင့်လိုက်သွားရင်လည်း တရားထိုင်ရတယ်။
အခု ဒီတရားစခန်းကတော့ ရက်ရှည်ထိုင်ရတာဆိုတော့ တော်တော်တော့မလွယ်ဘူးး)
မနက်ဆိုလည်း အစောကြီးထရတာဆိုတော့ တရားထိုင်နေပြီဆိုရင် အရမ်းပဲအိပ်ငိုက်တယ် ညစာကလည်းမစားရတော့ ညညဆိုဗိုက်တွေကလည်းဆာတာအရမ်းပဲ ဟီး ..... :P
ဗိုက်ဆာဆာနဲ့ လှူသမျှ အအေးတွေအသကုန်သောက်တော့ ချောင်းတွေတောင်ဆိုးလာတယ် :D
နှင်းဆီဖြူမနည်းကိုစိတ်တင်းပြီးတော့ ထိုင်ရတယ် ... စိတ်တွေကပျံ့လွင့်ပြီး စိတ်တည်ငြိမ်အောင်တော်တော်ကြိုးစားယူရပါတယ်
ခြေထောက်တွေကအရမ်းပဲကျင်လာတယ် တရားထိုင်နေရင်ဆရာတော်က လိုက်ပြီးတော့ကြည့်တတ်တော့ မလှုပ်ရဲပါဘူး :D
ခြေထောက်ပြောင်းချင်ပြီဆိုရင် အရင်ဆုံးဆရာတော်ကိုမျက်စိတစ်ဖက်ဖွင့်ပြီးတော့ ခိုးကြည့်ရပါတယ် ဟ` ဟ`
ဆရာတော် လစ်ပြီဆိုတာနဲ့ခြေထောက်ကိုမြန်မြန်လေးပြောင်းလိုက်ပါတယ် ဟိ ...:P
ပြီးတော့မှ ခပ်တည်တည်နဲ့ဆက်ထိုင်ပါတယ် ..း)
ပထမ တစ်ရက်နှစ်ရက်ကတော့ မခံနိုင်အောင် ခြေထောက်တွေကနာလာပါတယ် ဒါပေမဲ့နောက်ရက်တွေကျတော့ တရားထိုင်တာနဲနဲငြိမ်သက်လာပါပြီ
စိတ်တွေလည်းတည်ငြိမ်လာပြီးတော့ သိပ်မပျံ့လွင့်တော့ဘူး .. တရားထိုင်ရတာ တကယ်ကောင်းလာပါတယ် ..း)
စိတ်တွေငြိမ်းချမ်းပြီးတော့ အေးဆေးလာပါတယ် ...

အဲဒီလိုနဲ့ပဲ တရားစခန်းရဲ့နောက်ဆုံးရက်ကိုေ၇ာက်လာပါတယ် ...
နောက်ဆုံးရက်ဆိုတော့ ယောဂီတွေအားလုံးတက်ကြွနေကြပါတယ် အိပ်ပြန်ရတော့မယ်ဆိုတော့ ..ပျော်နေကြတာပေါ့နော်
နှင်းဆီဖြူလည်းပျော်နေတယ် ..း)
တရားပိတ်ပွဲဆိုတော့ ဘုန်းဘုန်းက ၀ိပဿနာနဲ့ပက်သက်တဲ့တ၇ားတွေဟောပါတယ်
တရားဟောပြီးတော့ မိမိတို့ပြုလုပ်ခဲ့တဲ့ ဒါန၊သီလ၊ဘာဝနာ တွေကို ၃၁ ဘုံမှာကျင်လည်နေတဲ့ဝေနေယျတွေကို အမျှပေးဝေးပါတယ်။
နှင်းဆီဖြူလည်း နှင်းဆီဖြူရဲ့ဘလော့ကနေပြီးတော့ အမျှပေးဝေလိုက်တယ်နော် .. အားလုံးပဲအမျှရကြပြီးတော့ ကျန်ူးမာကြပါစေ ..ချမ်းသာကြပါစေ ..

****************************************************************************************************

Sunday, March 2, 2008

စားကြမယ်ဟေ့ကောင်းကောင်း

ဘွားဘွားတို့အိမ်ကထမင်းဝိုင်းလေးပေါ့
ဘွားဘွားတို့အိမ်ကိုသွားရင် အဘွားကဖွယ်ဖွယ်ရာရာလေးတွေချက်ကျွေးလေ့ရှိပါတယ်
အသက်(၈၄)နှစ်ရှိပြီဖြစ်တဲ့ အဘွားကသူကိုယ်တိုင်မီးဖိုချောင်ဝင်ရမှ စိတ်တိုင်းကျတာပါ
အခုလည်းနှင်းဆီဖြူတို့မောင်နှမတွေဆုံလို့ဆိုပြီးတော့ဘွားဘွားကဟင်းတွေချက်ထားတယ် ..
ကြက်သားဟင်း၊ ငါးကြော်နှပ်၊ အချဉ်ဟင်းရယ်ငပိရေနဲ့ဘူးသီးပြုတ်တို့စရာ ...
ထမင်းစားကြရအောင် ...:)
Photobucket

Thursday, February 28, 2008

Relationship between two eyes!

Do you know the relationship between two eyes..?
they blink together, they move together, they cry together,
they see things together and they sleep together
BUT THEY NEVER SEE EACH OTHER ..
that's what's friendship !!!
ဒီစာသားလေးက နှင်းဆီဖြူရဲ့သူငယ်ချင်းတစ်ယောက်ပို့ပေးထားတာပါ
ဖတ်ကြည့်ပြီးတော့ သဘောကျတာနဲ့ဘလော့ပေါ်တင်ဦးမယ်ဆိုပြီးတော့
ဒီပိုစ့်လေးကိုတင်ဖြစ်သွားတာပါ... :)

Monday, February 25, 2008

အိုးနှင့်ပက်သက်သောစကားပုံများ

၁) သူ့အိုးနဲ့သူ့ဆန်တန်ရုံ
၂) အိုးမလုံ အုံပွင့်
၃) အမဲရိုးက ဟင်းအိုးမှအားမနာ
၎) ရာဇ၀တ်အိုး ဒုတ်နဲ့ထိုး
၅) ပညာရွှေအိုး လူမခိုး
၆) ကြက်ကန်း ဆန်အိုးတိုး
၇) အိုးကမပူ စလောင်းကပူ
၈) ခေါင်းတစ်လုံးနဲ့ အိုးနှစ်လုံးရွက်
၉) မလုံတဲ့အိုး တုတ်မိုးရုံနဲ့အာ
၁၀) မပြည့်တဲ့အိုး ဘောင်ဘင်ခတ်
၁၁) စလယ်ဝင်အိုး ဖင်မမည်းခင်ကကွဲ
၁၂) အိုးတန် ဆန်ခပ်
၁၃) ခေါင်းခုတဲ့ပုဆိုး အိုးနဲ့မတန်
၁၄) အိမ်ကြက်ချင်း အိုးမည်းသုတ်
၁၅) အိုးထိန်းသည် အိုးကောင်းမသုံးရ
၁၆) အဖိုးနည်း အိုးကွဲ
ဒီစကားပုံလေးတွေကတော့ နှင်းဆီဖြူဖတ်ဖူးတဲ့စာအုပ်ထဲကနေ
ဗဟုသုတအနေနဲ့တင်ပြပေးလိုက်ပါတယ် ...

Sunday, February 17, 2008

Chocolate!

chocolate
Valentine's Day တုန်းကမစားလိုက်ရတဲ့ချောကလက်တွေ ... :)
ကိုယ့်ဘာသာဝယ်စားပြစ်လိုက်တယ်....... ဟိ... :P

Thursday, February 14, 2008

Valentine's Day!

Glitter Graphics

Valentine's Day Glitter Graphics



သူတို့ပြောတဲ့ အချစ်

(၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို သူ့အ
တွက်လဲ ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ အ
ရှိဆုံးဖြစ်တယ်။ ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို လက်
ကိုင်ထားလို့။ မိန်းကလေးတွေ အသက်ရှင်တာ မှတ်သားခြင်းကို လက်ကိုင်
ထားလို့။ ............Socrates

(၂) လင်မယားဆိုတာ ကပ်ကြေးတစ်လက်နဲ့တူတယ်။ ထက်မြက်တဲ့ အသွား
နှစ်ခုဟာ ဘယ်တော့မှ မခွဲဘူး။ ဆန့်ကျင်ဖက် ဖြစ်နေပါစေ ကြားဝင်လာတဲ့
ပစ္စည်းကိုတော့ အသွားနှစ်ဖက်ပေါင်းပြီး ညှပ်ပစ်လိုက်နိုင်တယ်။..S. Smith

(၃) လူငယ်တွေရဲ့ အိပ်မက်ဟာ အချစ်၊ ငွေကြေးနဲ့ ကျန်းမာရေးတဲ့။ ဒါပေမဲ့
တချိန်ချိန်မှာတော့ ကျန်းမာရေး၊ ငွေကြေးနဲ့ အချစ်လို့ ပြောင်းလဲသွားတာကို
သူတို့ သတိပြုမိကြလိမ့်မယ်။.....Paul Jiruidi

(၄) မိန်းကလေးတွေဟာ စကားပြောတဲ့ အချိန်မှာ သူတို့ကို လျစ်လျူရှူထား
တဲ့ ယောက်ျားတွေနဲ့ပြောရင် အသံကျယ်ကျယ်နဲ့ ပြောတယ်။ သူတို့ကို ပျော်
အောင် စိတ်လှုပ်ရှားအောင်လုပ်တဲ့ ယောက်ျားတွေနဲ့ ဆိုရင် အသံတိုးတိုးနဲ့
ပြောတယ်။ သူတို့တကယ်ချစ်တဲ့ ယောက်ျားလေးနဲ့ကျတော့ အသံတိတ်နေ
တတ်တယ်။......George Eliot

(၅) ယောက်ျားလေးတွေအတွက် လက်ထပ်ခြင်းဆိုတာ သူတို့ရဲ့ လွတ်လပ်မူ
နဲ့ လောင်းကစားလုပ်တာပဲ။ မိန်းကလေးတွေကတော့ သူတို့ရဲ့ ပျော်ရွှင်ခြင်းနဲ့
လောင်းကစားလုပ်တာပဲ။....W. Somerset Maugham
အင်္ဂလိပ်စာရေးဆရာ W. Somerset Maughamနဲ့ အချို့စာရေးဆရာရဲ့ စာ
အချို့ကို ဒီထဲမှာ ကြည့်နိုင်ပါသေးတယ်။

(၆) အချစ်ဆိုတာ မီးတအိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိ
မှသာ မီးရဲ့ အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မညိမ်းနိုင်ဘူး။
Henry H. Hansa

(၇) ယောက်ျားလေးတွေ စီးကရက်တလိပ် သောက်ပြီး စိတ်ဖြေတာဟာ မိန်း
ကလေးတွေ တခါလောက် အားရပါးရ ငိုလိုက်တာနဲ့ ညီမျှတယ်။
Edwards.Mbowe Reighton

(၈) မိန်းကလေးတွေရဲ့ နုပျိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော်သိလိုက်ပြီ။ အဲဒါ
ကတော့ အသက်လိမ်ခြင်းပဲ။........Shakespeare

(၉) အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။
Shannon Fafe

(၁၀) မိန်းကလေးတိုင်း ရွေးချယ်မူတခုကို ရင်ဆိုင်ရမှာပဲ။ လူချစ်လူခင်ပေါတဲ့
ယောက်ျားလေးကိုလက်ထပ်ရင် စိတ်မချဘူး။ လူချစ်လူခင်နည်းတဲ့ယောက်ျား
လေး ကျပြန်တော့ စိတ်မပါဘူး။..........Mark Twain

(၁၁) အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။
အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။......Shakespeare

(၁၂) အချစ်ဟာ ဘ၀ကို လောင်မြိုက်စေတယ်။
အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။.....Johann W. Goethe

(၁၃) လူတွေရဲ့ အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူ
တယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။
Gelinbeier

(၁၄) အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလို
ယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။.....History Myers

(၁၅) ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘ၀မှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင်
ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။
Honore de Balzac

(၁၆) ငွေကြေးကြောင့် လက်ထပ်တဲ့လူလောက် ယုတ်မာတာ မရှိဘူး။
အချစ်တခုတည်းအတွက်နဲ့ လက်ထပ်တဲ့လူလောက် မိုက်မဲတာ မရှိဘူး။
Johnson

(၁၇) သာယာတဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက်မှာ တူညီတဲ့ခံစားမူတွေ
ရှိရမယ်။ တယောက်လွတ်လပ်မူကို တယောက်က ၀င်မစွက်ဖက်ရဘူး။ပေါင်း
ဖက်ရခြင်းကို တန်ဖိုးထားရမယ်။ ချစ်ခင်မူကို ထိန်းသိမ်းရမယ်။ ဒီအချက်တွေ
ကို လက်ကိုင်ထားရင် လက်ထပ်ခြင်းဆိုတာ ယောက်ျားလေးနဲ့ မိန်းကလေး
အတွက် အလှဆုံးနဲ့ အရေးပါဆုံးဖြစ်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။
Bertrand Russell

(၁၈) အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ မချစ်ဖူးတာ
ထက်စာရင် ကောင်းသေးတယ်။ ..... Alfred Tennyson

(၁၉) အိမ်ဆိုတာ လူတွေရဲ့ အဆိုးအပြစ်နဲ့ ကျဆုံးခြင်းတွေ သိုဝှက်ထားတဲ့
တခုတည်းသော နေရာဖြစ်သလို ချစ်ခြင်းမေတ္တာနဲ့ ချိုမြိန်မူတွေကို သိုလှောင်
ထားတဲ့ နေရာလည်းဖြစ်တယ်။ .... Bernard Shaw

(၂၀) လူ....လူ...လူ...လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီးတစ်
လုံးဖြစ်တယ်။ .... Lord Byron

အချစ်.....အချစ်.....အချစ်ရဲ့ ရင်ခုန်သံဟာ အကောင်းဆုံး အိပ်ရာဝင်တေး
တစ်ပုဒ်ဖြစ်တယ်။
as u like...

Valentine's Day မှာချစ်တတ်တဲ့သူတိုင်းပျော်ရွှင်နိုင်ပြီးတော့ ကိုယ်ချစ်တဲ့သူနဲ့ရိုးမြေကျပေါင်းဖက်နိုင်ပါစေ .....း)

အိမ်အပြန်လမ်း...

Photobucket
နှင်းဆီဖြူတို့ပြန်လာတော့ သိန်းသန်းကျော်နဲ့ပြန်လာတာပေါ့ ...:P

ဖူးမြှော်လို့မ၀နိုင်တဲ့ကျိုက်ထီးရိုးဆံတော်ရှင်

Photobucket
ကျိုက်ထီးရိုးကသာပြန်လာရတာ နှင်းဆီဖြူကတော့မပြန်ချင်သေးဘူး
ဘုရားဖူးရတာမ၀သေးလို့ နှင်းဆီဖြူတို့သွားတာကတစ်ရက်တည်းဆိုတော့
ကတိုက်ကရိုက်ဖြစ်တာပေါ့နော် ...ဒီပုံကနှင်းဆီဖြူတို့တောင်ပေါ်ကဆင်းခါနီးတော့
နောက်ဆုံးကန်တော့ပြီးတော့ ရိုက်ထားတာ...

ရင်ပြင်တော်ပေါ်သို့

Photobucket

ကျီးကန်းပါးစပ်

Photobucket
ကျီးကန်းပါးစပ်ထဲကိုအကြွေစေ့လေးတွေကိုဆုတောင်းပြီးတော့ပစ်ထည့်ရတယ်
အထဲကိုဝင်သွားရင်တော့ဆုတောင်းပြည့်တယ်တဲ့ ...း)

ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်

Photobucket
ကျိုက်ထီးရိုးဘုရားကြီးကိုဖူးမြှော်ချင်တဲ့သူတွေ အတွက်
နှင်းဆီဖြူရဲ့ဘလော့ကနေဖူးမြှော်လို့ရပါတယ် ..

ဈေးဆိုင်တန်းလေးမှ

Photobucket
နံ့သာဖြူပုတီးလေးတွေဝယ်နေကြတာ ....
ပုတီးမပါလာကြလို့လေ ....း)

အမှတ်တရ

Photobucket

Saturday, February 2, 2008

တစ်တောဝင်...တစ်တောင်တက်

Photobucket
ရသေ့တောင်စခန်းကနေ ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်ကိုရောက်ဖို့ကားနဲ့ဆက်တက်ရတယ်လေ ..
တောင်တက်လမ်းတွေက မတ်စောက်လွန်းတော့ကြောက်ဖို့ကောင်းတယ် ...

ရသေ့တောင်စခန်းမှ ...

Photobucket
ရသေ့တောင်စခန်းရောက်တော့ အမှတ်တရပေါ့ ....း)

ကျိုက်ထီးရိုးသို့တစ်ခေါက်....

ဒီနှစ်ထဲမှာ နှင်းဆီဖြူကံကောင်းနေတယ်နဲ့တူပါတယ် ...း) ခရီးတွေခဏခဏထွက်ရတယ်
ပြီးခဲ့တဲ့လကပဲ ချောင်းသာကပြန်လာတယ် အခုလည်း ကျိုက်ထီးရိုးကိုဘုရားဖူးရောက်သွားတယ်
ကျိုက်ထီးရိုးကို နှင်းဆီဖြူတစ်ခါမှ မရောက်ဖူးပါဘူး .. အခုသွားတာ ပထမအကြိမ်ပဲပေါ့ .. အစီအစဉ်မရှိပဲနဲ့သွားဖြစ်သွားတာ ..
ဘယ်နေရာကိုပဲသွားသွားနှင်းဆီဖြူကိုပါအောင်ခေါ်တတ်တဲ့ အဒေါ်ကတကူးတကဖုန်းဆက်ပြီးတော့ခေါ်တာနဲ့ နှင်းဆီဖြူလည်း ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီးကို ဖူးမြော်ခွင့်ကြုံသွားတာပေါ့ ( နှင်းဆီဖြူကို ကျိုက်ထီးရိုးလိုက်ဖို့ခေါ်တဲ့အန်တီအိ ကိုဒီနေရာကနေ ကျေးဇူးတင်ပါတယ်လို့ ...း)... ) ..
နှင်းဆီဖြူကျောင်းတုန်းက သူငယ်ချင်းတွေနဲ့အတူကျိုက်ထီးရိုးသွားဖို့စီစဉ်ကြသေးတယ် ...အဲဒီတုန်းကအဆင်မပြေပါဘူး
ကျိုက်ထီးရိုးသွားဖို့စီစဉ်တိုင်းပျက်လို့ ကျိုက်ထီးရိုးနဲ့ငါနဲ့တော့ရေစက်မပါဘူးနဲ့တူတယ်လို့ တောင်စဉ်းစားမိသေးတယ် ...း)

...... အခုတော့မထင်မှတ်ပဲနဲ့ရောက်ဖူးသွားပီ ... နှင်းဆီဖြူအရမ်းပဲပျော်ပါတယ်
အရင်ကတည်းကကျိုက်ထီးရိုးဘုရားကိုဖူးချင်ခဲ့တာ ...း)
နှင်းဆီဖြူရဲ့ဆန္ဒတွေပြည့်ဝသွားပါပြီ ....

Photobucket

ဒါကတော့ကျိုက်ထီးရိုးတောင်ပေါ်စတက်တော့ ရှုခင်းတွေလှတာနဲ့ရှိုက်ထားလိုက်တာလေ .....

Friday, February 1, 2008

whiterose's Birthday

zwani.com myspace graphic comments
Myspace Happy Birthday Comments

မွေးနေ့ကတော့ 30 ရက်နေ့ကတည်းကပြီးသွားပါပြီ ...း)
ဘလော့မှာမွေးနေ့အမှတ်တရတစ်ခုခုတော့တင်ဦးမှဆိုပြီးတော့ ဒီပို့စ်ကိုတင်ဖြစ်တာပါ..
Happy Birthday ! ... :P