Wednesday, April 29, 2009

သူ့အတွက် ဟင်းတစ်မယ်

သူက “ ပဲငပိကြော်စားချင်တယ် ” လို့ပြောတာနဲ့ နှင်းဆီဖြူလည်း လက်စွမ်းပြရတော့မယ်ဆိုပြီး
ဈေးသွား
ပဲငပိ ၃၀ သား
ခရမ်းချဉ်သီး ၁၀ သား
ငရုတ်သီးစိမ်းတွေရယ် ၀ယ်လာခဲ့တယ် ...
အရင်ဆုံး ငရုတ်သီး၁၀ တောင့်ကိုညက်နေအောင်ထောင်းလိုက်တယ်
ပြီးတော့ ကြက်သွန်ဖြူနီလေးတွေကိုညက်နေအောင်ထည့်ထောင်း
ဒယ်အိုးထဲကို ဆီထည့် (ဆီကတော့ နဲနဲပိုထည့်ရတယ် ပဲငပိကအနှစ်များမှစားကောင်းတာဆိုတော့ အနှစ်ကိုများများလေးချက်ဖို့ဆီပိုထည့်ရတာပေါ့ :P )
ဆီပူလာပြီဆိုတော့ ထောင်းထားတဲ့အနှစ်လေးတွေထည့်ပြီး ဆီသတ်တယ်
နဲနဲလေးမွှေးလာပြီဆိုရင် ခရမ်းချဉ်သီးလေးတွေလှီးပြီးထည့် ....
ငံပြာရည်၊အချိုမှုန့်တွေထည့်တယ်...
အနှစ်လေးတွေကြေလာပြီဆိုရင် ပဲငပိကိုထည့်ပြီးမွှေ ....
ခြောက်သွားအောင်တော့ကြော်ရတယ် ဒါမှစားလို့ကောင်းတာ ...
ချခါနီးကျတော့မှ ငရုတ်သီးစိမ်းလေး ၁၀ တောင့်လောက် ထည့်ပေးလိုက်တယ်..
သူစားချင်တဲ့ ဟင်းလေးတခွက် ရသွားတာပေါ့ ....း)
ကိုရီးယားကားထဲမှာတော့ “ အချစ်ဆုံးအတွက် ဟင်းတစ်မယ် ”
နှင်းဆီဖြူအတွက်တော့ “ သူ့အတွက် ဟင်းတစ်မယ် ” ပေါ့နော် ..... :P

Photobucket